Local News

လက်ဖက်ပဲကြော်လုပ်ငန်းများတွင် တရုတ်ပဲကြီးအစား ပြည်တွင်းပဲကြီးကို သုံးစွဲလာ၍ ယခင်လထက် ဈေးမြင့်လာ

Last Updated:

မန္တလေးမြို့ရှိ လက်ဖက်ပဲကြော်  လုပ်ငန်းများတွင်  အလုံးလှ၍ အမြင်လှပြီး ကြော်လျှင်လည်း ပိုပွသည့် တရုတ်ပဲကြီးကို သုံးစွဲနေရာမှ ဝင်ရောက်မှုနည်းလာပြီး ဈေးမြင့်တက်လာခြင်းကြောင့်  ပြည်တွင်းစိုက် ပဲကြီးများကို အစားထိုးသုံးစွဲ လာ ကြောင်း သိရသည်။

မန္တလေးကုန်စည်ဒိုင်သို့ ဇန်နဝါရီလ တတိယပတ်အတွင်း မန္တလေးအနီးတစ်ဝိုက် နှင့်မကွေးတိုင်း ရှိ ပဲကြီးစိုက်ပျိုးသည့် ဒေသများမှ ဝင်ရောက်လျှက်ရှိပြီး ပဲကြီး (၅၅.၂၅ပိဿာဝင်သုံးတင်း တစ်အိတ်လျှင် ပဲကြီး(လုံးကြီး)  ၂၅၅၀၀၀ မှ ၂၆၀၀၀၀၊ ပဲကြီး(လုံးလတ်) ကျပ် ၂၅၀၀၀၀၊ ပဲကြီး(လုံးသေး) ကျပ် ၂၂၅၀၀၀မှ ၂၃၀၀၀၀ ဖြစ်သည်။

ယခင်လနှင့် နှိုင်းယှဉ်လျှင် ပဲကြီးလုံးသေးမှာ ဈေးငြိမ်နေသော်လည်း လုံးကြီး တစ်အိတ် ကျပ် ၁၀၀၀၀ မှ ၃၀၀၀၀ ထိ၊ လုံးလတ်  တစ်အိတ် ကျပ် ၅၀၀၀ ဈေးမြင့်လာခဲ့သည်။

ချောစုဝင်း

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

Category: Local News